HOTLINE NUMBER: +9567411148 EMAIL US:info@hrh.gov.mm Facebook Web Mail

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာမူဝါဒများ

၁။ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စီမံကိန်းရေးဆွဲခြင်း၊ လေ့ကျင့် မွေးထုတ်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့သည် အမျိုးသားကျန်းမာရေးမူဝါဒနှင့် လိုက်လျော ညီထွေရှိစေရန်နှင့် ပြည်သူလူထုအား မျှတသော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင် သည့် ထိရောက်သော ကျန်းမာရေးစနစ်ပေါ်ထွန်းရေးကို ဦးတည်ရန်။

၂။ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စီမံကိန်းရေးဆွဲခြင်း၊ ပြုစုပျိုးထောင် ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် နှီးနွှယ်သော ဝန်ကြီးဌာနများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန်။

၃။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များနှင့် သင်တန်း ကျောင်းများသို့ တက်ရောက်မည့် သင်တန်းသားအသစ်များကို ရွေးချယ်ရာတွင် အသင့်လျော်ဆုံးနှင့် အထိရောက်ဆုံး နည်းစနစ်များကို ဖော်ထုတ်အသုံးပြုရန်။

၄။ ပြောင်းလဲတိုးတက်နေသော ဆေးပညာနှင့် လိုက်လျောညီထွေရှိ၍ ပြည်သူလူထု၏ ကျန်းမာရေးလိုအပ်ချက်ကို ဦးတည်သည့် ခေတ်မီဆန်းသစ်သော သင်ရိုးညွှန်းတမ်းများ ဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့်သင်ကြားပေးရန်နှင့် ယင်း သင်ရိုးညွှန်းတမ်းများသည် တိုင်းပြည်၏ပြောင်းလဲတိုးတက်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခြေအနေများကို ထင်ဟပ်မှုရှိစေရန်။

၅။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များနှင့် သင်တန်း ကျောင်းများရှိ သင်ကြားရေးဆိုင်ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တွင် မျိုးချစ် စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်နှင့် အများအကျိုး ဆောင်ရွက်လိုသည့် စိတ်ကောင်းစေတနာ ထားရှိတတ်စေရန်အတွက် ဘက်စုံလေ့ကျင့်ပျိုးထောင်ပေးရန်။

၆။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များနှင့် သင်တန်း ကျောင်းများတွင် တက်ရောက်လျက်ရှိသည့် ကျောင်းသား/ကျောင်းသူများအား လုပ်ငန်း ခွင်ဝင်ရောက်သည့်အခါ ကျန်းမာရေးပညာပေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်တတ်စေရန်အတွက် သင်တန်းတက်ရောက်နေစဉ်ကာလ၌ပင် ပြည်သူလူထု အား ကျန်းမာရေးပညာပေး လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့်သင်ကြားပေးရန်။

၇။ အရည်အချင်းပိုမိုပြည့်ဝသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ

  • တက္ကသိုလ်အသီးသီးရှိ သင်ကြားရေးဌာနများ၊ သင်တန်းဆရာများနှင့် သင်ကြားရေးအထောက်အကူပစ္စည်း လိုအပ်ချက်များကို စံချိန်စံညွှန်း သတ်မှတ်ရန်။
  • တက္ကသိုလ်များတွင် စီမံခန့်ခွဲရေးဆိုင်ရာနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များ ကို လွတ်လပ်စွာ ဆောင်ရွက်ရန်။

၈။ သုတေသနလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်နှင့် သင်တန်းကျောင်းများတွင် မဖြစ်မနေ ဆောင်ရွက်ရန်။

၉။ ကျန်းမာရေးဝန်ထမ်းများအတွက် ဘဝတိုးတက်မှုအခွင့်အလမ်းနှင့် ဆွဲဆောင်မှုရှိ သည့် စနစ်တစ်ခု ဖော်ထုတ်ရန်။

၁၀။ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် ပညာဆည်းပူးနိုင်ရေး အတွက် အမြဲရှင်သန်နေသော ပညာရေးစနစ်ကို အစိုးရလက်အောက်ခံဌာနများ သက်ဆိုင်ရာပညာရှင်အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ တက်ကြွ စွာ ပူးပေါင်းဆောင်ရွက်ရန်။

၁၁။ ဒေသတွင်းနှင့် ဒေသပြင်ပတိုင်းပြည်များရှိ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်။

 
 

More Tags