HOTLINE NUMBER: +9567411148 EMAIL US:hrh@mohs.gov.mm Facebook Web Mail

(၂၀၂၆) ပညာသင်နှစ် ဆေးပညာသင်ကြားရေးဒီပလိုမာဘွဲ့လွန်သင်တန်း အမှတ်စဉ် (၂၁) ၏ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ်လ (၂၄) ရက်နေ့


ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ကြီးမှူး၍ ပြည်သူ့ ကျန်းမာရေးတက္ကသိုလ်၊ ရန်ကုန်တွင် (၂၀၂၆) ပညာသင်နှစ်၌ ဖွင့်လှစ်သည့် "ဆေးပညာသင်ကြားရေး ဒီပလိုမာဘွဲ့လွန်သင်တန်း အမှတ်စဉ် (၂၁) (နေပြည်တော်) ၏ ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား" ကို (၂၀၂၆) ခုနှစ်၊ မတ်လ (၂၄) ရက်နေ့၊ နံနက် (၈:၃၀) နာရီ အချိန်၌ သားဖွား သင်တန်းကျောင်း၊ နေပြည်တော်၊ ဘက်စုံသုံးခန်းမကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်း၊ တိုင်းရင်း ဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ အခြေခံကျန်းမာရေးတက္ကသိုလ်၊ မကွေး ပါမောက္ခချုပ်(ငြိမ်း) ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ Module supervisors ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ 
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနသည် နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ အရည်အသွေးပြည့်ဝသည့် ကျန်းမာ ရေးလူ့စွမ်းအားအရင်းအမြစ်များကို ပြည်တွင်း၌ပင် အလုံအလောက် မွေးထုတ်ပေးနိုင်ရေး အစဉ် တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အနေ ဖြင့် Faculty of Medicine, Naypyitaw State Academy အပါအဝင် ဆေးတက္ကသိုလ် (၆) ခု၊ ဆေးပညာနှီးနွှယ်တက္ကသိုလ် (၁၀) ခု၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (၅၃) ကျောင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် တိုင်းရင်းဆေးတက္ကသိုလ်တို့ဖြင့် ကျန်းမာရေးလူ့စွမ်းအားစု အမျိုးမျိုးကို မွေးထုတ်လျက်ရှိပါကြောင်း၊ ထို့သို့ မွေးထုတ်လျက်ရှိရာတွင် အဓိကကျသော ဆေးပညာ သင်ကြားရေးဆရာ/ဆရာမများ၏ အရည်အသွေးပြည့်ဝမှုသည်လည်း အရေးကြီးပါကြောင်း၊ ဆရာ/ ဆရာမများအနေဖြင့် မိမိတို့ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ရုံမျှသာမက သင်ကြားရေးဆိုင်ရာ အရည် အသွေးများ ပြည့်ဝမှုသည်လည်း လွန်စွာအရေးကြီးပါကြောင်း၊ ထို့အတွက်ကြောင့် တက္ကသိုလ်များရဲ့ သင်ကြားရေးယူနစ်တွေမှာ အမာခံအဖြစ် တာဝန်ယူဆောင်ရွက်ပေးနိုင်သူများ ဖြစ်စေရန်နှင့် သင်ကြားရေးဆရာ/ဆရာမများအတွက် လိုအပ်သော အရည်အသွေးများ ပြည့်စုံစေရန် ရည်ရွယ်၍ ဆေးပညာသင်ကြားရေးဒီပလိုမာဘွဲ့လွန်သင်တန်းများကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ယနေ့ခေတ် တွင် ရလဒ်အခြေပြုပညာရေးစနစ် (Outcome Based Education) ကို အခြေခံလျက် ဆေးပညာ နယ်ပယ်တွင် ကျွမ်းကျင်မှုအခြေပြုပညာရေးစနစ် (Competency Based Medical Education) ကို “စံ” အဖြစ် ကျင့်သုံးလျက်ရှိပါကြောင်း၊ နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများတွင်လည်း ပြောင်းလဲ အသုံးပြုလျက်ရှိနေပြီဖြစ်ပါကြောင်း၊ ပြောင်းလဲကျင့်သုံးလျက်ရှိသည့် ပညာရေးစနစ်များ၊ သင်ရိုး ညွှန်းတမ်းများနှင့်အညီ ဆရာ/ဆရာမများတွင် လိုအပ်သော သင်ကြားသင်ယူမှုဆိုင်ရာနည်းလမ်းများ (Technical Skills)၊ ပညာရေးသဘောတရားများနှင့် ချဉ်းကပ်မှုပုံစံများ (Approach to Teaching)၊ ပညာရှင်ဆိုင်ရာ အရည်အသွေးများ (Professionalism) အားလုံး ပြည့်စုံစေရန် လိုအပ်ပါကြောင်း၊ ကျောင်းသားဗဟိုပြုချဉ်းကပ်နည်းစနစ် (Student Centered Learning) နှင့် Education 4.0 ၏ အနှစ်သာရဖြစ်သော ခေတ်မီနည်းပညာများ အသုံးချသင်ကြားခြင်းဖြင့် ကျောင်းသားကျောင်းသူများ တွင် လိုအပ်သော အရည်အချင်းများအားလုံး ပြည့်စုံစေရန် လေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း၊ ယခု သင်တန်းတွင် ပညာရေးစိတ်ပညာအခြေခံသဘောတရားများ (Educational Psychology)၊ သင်ရိုး ညွှန်းတမ်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းနှင့် သုံးသပ်ခြင်း (Curriculum Planning, Implementation and Evaluation)၊ သင်ကြားသင်ယူမှုနည်းလမ်းနှင့်နည်းပညာများ (Teaching/ Learning Strategies) နှင့် စစ်ဆေးအကဲဖြတ်မှုဆိုင်ရာနည်းလမ်းများ (Learners’ Assessment)၊ ကျင့်ဝတ်နှင့် ပညာရှင်အရည်အသွေးများ (Professionalism, Ethics and Communication Skills)၊ ပညာရေးဦးဆောင်မှု (Educational Leadership)၊ ပညာရေးသုတေသနများ (Educational Research) စသည်ဖြင့် ဆရာ/ဆရာမများ သိသင့်သိထိုက်သည်များကို Module (၁၀) ခုခွဲ၍ ပြည့်စုံစွာ သင်ကြားပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ ဆရာ/ ဆရာမများအနေနဲ့ အလေးအနက်ထား လေ့လာ ကြရန် လိုအပ်ပြီး စဉ်ဆက်မပြတ်ဆက်လက် ဆည်းပူးကြရန် လိုအပ်ပါကြောင်း လမ်းညွှန်ပြောကြား ခဲ့ပါသည်။ 

ထို့နောက် ဆေးပညာသင်ကြားရေးဒီပလိုမာဘွဲ့လွန်သင်တန်း အမှတ်စဉ် (၂၁) (နေပြည်တော်) တွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့အစီအစဉ်များကို ဆက်လက် ကျင်းပခဲ့ပြီး နံနက်ပိုင်း သဘာပတိအဖြစ် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်မှ ဆောင်ရွက်ခဲ့ပါသည်။ 

သင်တန်းအမှတ်စဉ် (၂၁)၊ နေပြည်တော်တွင် သင်တန်းသား (၃၇) ဦး တက်ရောက်ပြီး ပထမ အကြိမ် အလုပ်ရုံဆွေးနွေးပွဲကို (၂၄-၃-၂၀၂၆) ရက်နေ့မှ (၂၆-၃-၂၀၂၆) ရက်နေ့အထိ ကျင်းပပြုလုပ် မည်ဖြစ်ပါသည်။




 

 
 

More Tags