HOTLINE NUMBER: +9567411148 EMAIL US:hrh@mohs.gov.mm Facebook Web Mail
ကျန်းမာရေးဝန်ကြီးဌာန၊ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာတင်ထွန်းနှင့် တာဝန်ရှိသူများသည် ၁၅.၅.၂၀၂၆ ရက်နေ့ နံနက် ၁၀: ၃၀ နာရီ တွင် ပဲခူးမြို့ ကလိ(တပ်ကလေး) ကျေးရွာသို့ သွားရောက်၍ သူနာပြုသိပ္ပံ (ပဲခူး) ဆောက်လုပ်မည့် မြေနေရာအား သုံးသပ်ကြည့်ရှုခဲ့ပြီး သူနာပြုသိပ္ပံဆိုင်းဘုတ် အသစ်ပြုလုပ်မည့် မြေနေရာအား လျာထားသတ်မှတ်ခြင်း၊ နေရာအသစ်တွင် တည်ဆောက်မည့် သူနာပြုသိပ္ပံ (ပဲခူး)သည် စံနမူနာပြဖြစ်ရန်လိုအပ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအား လုပ်ငန်းအပ်နှံဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ယခုဆောက်လုပ်မည့်နေရာသည် ရေဝပ်ဧရိယာအတွင်း တည်ရှိသောကြောင့် ရေစီးရေလာကောင်းစေရေး အထူးအလေးထား ဆောင်ရွက်စေလိုပါကြောင်း၊ Skills Lab ၊ ကွန်ပြူတာခန်းနှင့် စာကြည့်တိုက်တို့အား စနစ်တကျ ဆောင်ရွက်စေလိုပါကြောင်း၊ Smart TV ဖြင့် သင်ကြားနေသည့်အတွက် သင်ရိုးညွှန်းတမ်းတွင်ပါရှိသည့် ခေါင်းစဉ်အလိုက် သင်ကြားရေး ဆိုင်ရာ video file နှင့် applications များအား မိမိတို့စီစဉ် ဆောင်ရွက်နေပါကြောင်းနှင့် အမြန်ဆုံး ပေးပို့သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများနှင့် ဆရာများ ယခုထက် ပိုမို၍ အဆင်ပြေချောမွေ့စွာ Smart TV ဖြင့် လေ့လာသင်ယူနိုင်ရေးအတွက် ပညာရှင်များဖြင့် Training ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ရက် ၁၀၀ စီမံချက်အတွင်း သူနာပြုသိပ္ပံများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် အထူးအလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်သည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များအား စဉ်ဆက်မပြတ် မွေးထုတ်နိုင်စေရေးအတွက် အစဉ်အမြဲဆောင်ရွက်နေပါကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။
ထို့နောက်ညွှန်ကြားရေးမှုးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့မှပြန်လည်ထွက်ခွါခဲ့ပြီး ၁၄:၀၀နာရီ တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ ဆေးတက္ကသိုလ်(၁)သို့ရောက်ရှိ၍ ဆေးတက္ကသိုလ်(၁)၏ သမိုင်းအထင်ကရဖြစ်သော လိပ်ခုံးပြန်လည်တည်ဆောက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။





