HOTLINE NUMBER: +9567411148 EMAIL US:hrh@mohs.gov.mm Facebook Web Mail
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန
သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း၊ နောက်ဆုံးနှစ်ဒီပလိုမာ လက်မှတ်ရစာမေးပွဲ(National Comprehensive Examination) ကျင်းပစစ်ဆေးခြင်း
နေပြည်တော်၊ ၂၀၂၆ခုနှစ်၊ မေလ (၆) ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုသိပ္ပံ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်း အတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် နောက်ဆုံးနှစ် သူနာပြု-သားဖွားဒီပလိုမာ လက်မှတ်ရစာမေးပွဲ (National Comprehensive Examination) တစ်ပြိုင်နက်တည်း ကျင်းပစစ်ဆေးနေမှုကို ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် တာဝန်ရှိသူများမှ နေပြည်တော်ကောင်စီနယ်မြေရှိ သူနာပြုသိပ္ပံစာစစ်ဌာန သို့ (၆-၅-၂၀၂၆) ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်ပိုင်း တွင် သွားရောက်၍ ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စာစစ်ဌာန(၂၂)ဌာနတွင် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း နောက်ဆုံးနှစ် ဒီပလိုမာ လက်မှတ်ရ စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသူ သင်တန်း သား/သူ (၁၄၆၇)ဦး ရှိပြီး၊ နေပြည်တော် ကောင်စီနယ်မြေ၊ သူနာပြုသိပ္ပံစာစစ်ဌာနတွင် ဖြေဆိုနေသူ (၁၁၀)ဦးတို့အား ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် တာဝန်ရှိသူများမှ စနစ်တကျဖြေဆိုနေမှုကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
အဆိုပါ သင်တန်းသား/သူများသည် ၂၀၂၃ ပညာသင်နှစ်၊ (၁၈-၄-၂၀၂၃) ရက်နေ့တွင် ဖွင့်လှစ်သည့် အတန်းတွင် စတင်တက်ရောက် သင်ကြားနေကြသူများဖြစ်ပြီး၊ ယခုကျင်းပသည့် National Comprehensive Examination တွင် သူနာပြု-သားဖွား တစ်ဦး မဖြစ်မနေ ပြည့်စုံ ရမည့် အရည်အချင်းများ ပြည့်ဝရန် လိုအပ်သည့် အဓိက သူနာပြု-သားဖွား ပညာရပ်ဆိုင်ရာ ဘာသာရပ်များဖြစ်သည့် မိခင်နှင့်ကလေး ကျန်းမာရေးသူနာပြုစုမှုပညာ၊ လူကြီး ကျန်းမာရေး သူနာပြုစုမှုပညာ၊ ပြည်သူ့ကျန်းမာရေးသူနာပြုစုမှု ပညာ၊ စိတ်ကျန်းမာရေး သူနာပြုစုမှုပညာနှင့် သူနာပြုစုမှုဆိုင်ရာ ကျင့်ဝတ်နှင့်ဥပဒေများ၊ သူနာပြုစီမံခန့်ခွဲမှုနှင့် သူနာပြု သုတေသနပညာ စသည့် ဘာသာရပ်များ ပါဝင်ပါကြောင်း၊ ရေးဖြေစာမေးပွဲကို (၆-၅-၂၀၂၆) ရက်နေ့မှ (၁၂-၅-၂၀၂၆) ရက်နေ့အထိ လည်းကောင်း၊ လက်တွေ့နှုတ်ဖြေ စာမေးပွဲကို (၁၃-၅-၂၀၂၆) ရက်နေ့မှ (၁၅-၅-၂၀၂၆) ရက်နေ့အထိ လည်းကောင်း ကျင်းပစစ်ဆေးသွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆို အောင်မြင်သူများ သည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာန များသို့ ဆောလျှင်စွာ ဝင်ရောက် တာဝန်ထမ်းဆောင်၍ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု အတွက် အရည်အချင်းပြည့်ဝစွာ ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်ပါသည်။
တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင်
သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း၊ နောက်ဆုံးနှစ်ဒီပလိုမာ လက်မှတ်ရစာမေးပွဲ (National Comprehensive Examination) တစ်ပြိုင်နက်တည်း ကျင်းပစစ်ဆေးသည့် မှတ်တမ်းဓါတ်ပုံများ
(၆-၅-၂၀၂၆)

သူနာပြုသိပ္ပံ (နေပြည်တော်)

သူနာပြုသိပ္ပံ (ရန်ကုန်)
တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင်
သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း၊ နောက်ဆုံးနှစ်ဒီပလိုမာ လက်မှတ်ရစာမေးပွဲ (National Comprehensive Examination) တစ်ပြိုင်နက်တည်း ကျင်းပစစ်ဆေးသည့် မှတ်တမ်းဓါတ်ပုံများ
(၆-၅-၂၀၂၆)

သူနာပြုသိပ္ပံ (မန္တလေး)

သူနာပြုသိပ္ပံ (မုံရွာ)
တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင်
သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း၊ နောက်ဆုံးနှစ်ဒီပလိုမာ လက်မှတ်ရစာမေးပွဲ (National Comprehensive Examination) တစ်ပြိုင်နက်တည်း ကျင်းပစစ်ဆေးသည့် မှတ်တမ်းဓါတ်ပုံများ
(၆-၅-၂၀၂၆)

သူနာပြုသိပ္ပံ (ထားဝယ်)

သူနာပြုသိပ္ပံ (ပုသိမ်)
တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင်
သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း၊ နောက်ဆုံးနှစ်ဒီပလိုမာ လက်မှတ်ရစာမေးပွဲ (National Comprehensive Examination) တစ်ပြိုင်နက်တည်း ကျင်းပစစ်ဆေးသည့် မှတ်တမ်းဓါတ်ပုံများ
(၆-၅-၂၀၂၆)

သူနာပြုသင်တန်းကျောင်း (ပြည်)

သူနာပြုသင်တန်းကျောင်း (မြောင်းမြ)